welcome
ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏
Wednesday, August 21, 2013
Organic Juice
Organic Juice (အော်ဂဲနစ် ဖျော်ရည်) Print Email
Written by မိုးမခ   
Chemical(Inorganic) ကြောင့် လူ့လောကပတ်ဝန်းကျင် သဘာဝရဲ့ အရင်းအမြစ်တွေဟာ ဆိပ်သုဉ်းပျောက်ကွယ်မဲ့ အနေအထားကို ဦးတည်နေပါပြီ။ ကဲ၊ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ။ ဘာမှ စဉ်းစားမနေနဲ့။ Answer is Organic. Believe it or not.
  ဆရာဝန်တယောက် တော်တော်လေးခေါင်းစားသွားတယ်။ လူနာတယောက် ဆေးလာကုတယ်။ အရက်လဲ မသောက်၊ ကွမ်းယာလည်းမစား၊ ဆေးလိပ်ဆို ဝေလာဝေး၊ သူဖြစ်နေတာက အသည်းရောဂါ၊
ချက်ချင်း စဉ်းစားမရလို့ နောက်တရက် ပြန်ချိန်းလိုက်တယ်။ နောက်နေ့ကျမှ ခင်ဗျားအလုပ်အကိုင်က ဘာလဲလို့ မေးခွန်းထုတ်လိုက်တယ်။ အဖြေတွေ့ပါပြီဗျာ။ စိုက်ပျိုးရေးတဲ့။ ရှင်းသွားပြီ။
Monday, August 19, 2013
မက်မွန်သီး
မက်မွန်သီး     Print        Email   
Written by မိုးမခ
ပြင်ဦးလွင်မြို့ ဒေသထွက်ကုန်များထဲမှ မက်မန်းသီးတော့ အားလုံးရင်းနှီးကြမှာပါ။ မက်မန်းသီးနဲ့ Family တူတဲ့ ညီအစ်ကိုဝမ်းကွဲ မက်မွန်သီးကိုတော့ မြင်ဖူးကြားဖူးသူ ရှိတော့ရှိတယ် ရှားလိမ့်မယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ ဈေးကွက်ထဲမှာ ခပ်ပါးပါးသာ မြင်တွေ့ရလို့ပါ။
 သိပ်မကြာခင်နှစ်ပိုင်းတွေလောက်ကမှ တံဆိပ်မျိုးစုံ၊ Packing အလှအပတွေနဲ့ ဈေးကွက်ထဲကို အလုံးအရင်း ထိုးဖောက်ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းလေးတခုပါပဲ။
ရာဇဝင်ထဲကခရီးသွား
လွန်ခဲ့သော နှစ်ပေါင်း(၄၀၀၀) လောက်က တရုတ်ပြည်မှာ စတင်စိုက်ပျိုးခဲ့တယ်လို့ ပညာရှင်များက ခန့်မှန်းတွက်ချက်ထားခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ ပိုးကုန်သည်လမ်းမကြီးမှ တဆင့် ပါရှား(ယခု အီရန်) နိုင်ငံသို့ ရောက်ရှိသွားခဲ့တဲ့ မက်မွန်သီးကလေးကို
မြန်မာရိုးရာ Organic Skin Care Cream
မြန်မာရိုးရာ Organic Skin Care Cream Print Email
Written by မိုးမခ   
ယနေ့ ကမ္ဘာ၏ အလှကုန် ဈေးကွက်ပေါ်တွင် အရေပြားအလှ ထိန်းသိမ်းပြုပြင်သော အလှကုန်များမှာ တွင်ကျယ်သော အရောင်းကုန်ပစ္စည်းများ ဖြစ်ကြသည်။  အားလုံးသော Skin Care Lotion များမှာ Chemical ဖြင့် စီမံပြုလုပ်ထားခြင်းဖြစ်သည်။  Chemical ၏ Side Effect များကို သိပ0x081ပံပညာရှင်များက တဖြည်းဖြည်း တွေ့ရှိလာသဖြင့် Chemical Free(Organic) ထုတ်ကုန်များကို လူသားတွေက လိုလားနေကြသည်။
 ကျွန်တော် ဖော်ပြမည့် အကြောင်းအရာကတော့ `သိသူဖော်စား၊ မသိသူကျော်သွား´ လို့ဆိုရမည့် နည်းပညာကလေးတခုပါ။  လိုအပ်တဲ့ ကုန်ကြမ်းတွေကတော့ -
Thursday, August 15, 2013
ချောကလက်နံ့သင်းတဲ့ သစ်ခွ
ချောကလက်နံ့သင်းတဲ့ သစ်ခွ Print Email
Written by မိုးမခ   
သူတို့ကတော့ ရုက္ခဗဒအခေါ်(Onicidium) လို့ခေါ်တဲ့ Dancing Lady သစ်ခွပန်း ကလေးတွေပါပဲ။ မျိုးစိတ် ၇၅၀ လောက်ရှိတယ်။ အဲဒီထဲကမှ ထူးထူးခြားခြားရနံ့သင်းပံျ့နေတဲ့ သစ်ခွပန်းလေး အကြောင်းပြောပြမယ်။ အနားကွပ် အဖြူ၊ နီညိုရောင်ရှိတဲ့ Dancing Lady မျိုးကလေးကတော့ အပွင့်ပွင့်ချိန်မှာ သူ့ရဲ့ချောကလက်ရနံ့ကိုရှုရှိုက်ရသူအဖို့ မင်သက်မိသွားမှာပါ။ချောကလက်ရနံ့ထုံမွှေးနေတဲ့ ဒီသစ်ခွပင်လေးတွေကို ပြင်ဦးလွင်ရှိပျိုးဥယျာဉ်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်လို့ သတင်းကောင်း ပါး လိုက်ပါရစေ။
ရေတကောင်းပင်(pitcher plant)
ရေတကောင်းပင်(pitcher plant) 
ရေတကောင်းပင်(pitcher plant) Print Email
Written by မိုးမခ   
အသားစားတဲ့အပင်ရှိတယ်ဆိုရင်သင်ယုံပါ့မလား?
ရေတကောင်းပင်ဆိုတာ အသားစားတဲ့အပင်(carnivorus plant)ပါပဲ။ သူ့ရဲ့ FAMILY ကတော့(NEPENTHACEAE)ဖြစ်ပြီး မျိုးစိတ်(species)ကတော့(120)လောက်ရှိတယ်။ အခုပြောပြချင်တာကတော့ species တခုဖြစ်တဲ့ NEPENTHACEAE DISTILLATORIA  အကြောင်းပေါ့။
  ဒီမျိုးစိတ်တွေ ကြီးပြင်းရာဒေသတွေကတော့ အရှေ့တောင်အာရှ၊ အရှေ့မြောက် ဩစတြေးလျနဲ့ အိန0x081ဒိယမြောက်ပိုင်းအထိ ကျယ်ပြန့်တယ်။
စတော်ဘယ်ရီ
စတော်ဘယ်ရီ Print Email
Written by မိုးမခ   
ပြင်ဦးလွင်သို့ အလည်တစ်ခေါက် ရောက်ခဲ့ဖူးမယ်ဆိုရင်တော့ `စတော်ဘယ်ရီ´ ဆိုတဲ့ဝေါဟာရကိုထိတွေ့ခဲ့မယ်ယူဆမိပါတယ်။  အလည်မရောက်ဖြစ်ခဲ့လည်း  ဒီအသီးကိုစားဖူးသူတွေ အများကြွီွးရှိလိမ့်မယ်လို့ ထင်ပါတယ်။  `စတော်ဘယ်ရီနဲ့ချယ်ရီ´ဟာခွဲခြားလို့မရတဲ့ ပြင်ဦးလွင်ရဲ့ ဆောင်းမင်းသား   LOGO ကလေးတွေပါဘဲ။  ချယ်ရီကတော့ ပင်မြင့်ထက်မှာ ပွင့်လန်းနေတဲ့ ပြင်ဦးလွင်ရဲ့ပန်းတော်ဝင် ကလေးပါဘဲ။ စတော်ဘယ်ရီ ကတော့ မြေမှာကပ်ပေါက်တဲ့  မြေလျှောက်တွားသွားပင်ကလေးသာ ဖြစ်ပါတယ်။
ဝိုင်ချိုချိုတခွက်
ဝိုင်ချိုချိုတခွက် Print Email
Written by မိုးမခ   
  ဆောင်းရာသီ နှင်းမှုန်ကြားက ချယ်ရီမြေပြင်ဦးလွင်ကို အလည်လာခဲ့မယ်ဆိုရင်တော့ အအေးဒဏ်ကို အံတုဖို့နွေးထွေးမှုတခုတော့ လိုအပ်မှာပါ။ နောက်ဆုံးပေါ်အနွေးထည်နဲ့ heater တွေထက် ''ဝိုင်ချိုချိုတခွက်'' ကတော့ပြင်ဦးလွင်ရဲ့ အနွေးထွေးဆုံး ကြိုဆိုမှုပါပဲ။
ဝိုင်? သူ့ရဲ့ဝေါဟာရကို အလွယ်တကူပြောရမယ်ဆိုရင်တော့ အချဉ်ပေါက်ပြိးသောပျော်ရည် (fermented juice) လို့ဆိုရမှာပါ။
 အသီးမှပါသော အက်ဆစ်၊ သဘာဝတဆေးနှင့်သကြားတို့ ပေါင်းစပ်ထားတဲ့ ပျော်ရည်တခုပါ။ တခိျု့ကမသိလို့မေးကြတယ်။ ဝိုင်ထဲမှာ အရက်ပါသလားတဲ့။
ဟုတ်ကဲ့၊ ပါတယ်လို့ပြောရမှာပါ။ အကြောင်းကတော့ အသီးမှာပါတဲ့ သဘာဝတဆေးဟာ သကြားနဲ့ဓာတ်ပြုပြီး သကြားကို  Carbon Dioxide နဲ့ alcohol အဖြစ် အသွင်ပြောင်းလိုက်လို့ပါပဲ။ ဒီဖြစ်စဉ်ကို အချဉ်ပေါက်ခြင်း (fermentation) လို့ခေါ်ပါတယ်။
အိမ်တွင်း မက်မန်းဝိုင်ပြုလုပ်နည်း
အိမ်တွင်း မက်မန်းဝိုင်ပြုလုပ်နည်း
Written by မိုးမခ
Print Email
မက်မန်းသီးကိုရေဆေးပြီး အခြောက်ခံ(သို့) အဝတ်နှင့် သန့်စင်အောင်သုတ်ပါ။ ပြီးလျှင် မက်မန်းသီး တစ်ပြည် ကို သကြား(ဖြူ) တစ် ပိဿာနှုန်း သုံးရမည်။ မက်မန်းသီး ဖုံးအောင်မက်မန်းသီးတစ်ထပ်ပြီး လျှင်သကြားတစ်ထပ်ဖုံးပါ။ အဆင့်ဆင့်အသီးတစ်ထပ်သကြား တစ် ထပ်ပြုလုပ်ပါ။ ပိုသည့်သကြားကိုအပေါ်တွင် အားလုံးပုံထားပါ။လေလုံအောင်အဖုံးဖုန်းပါ။အပေါ်ယံရှိ သကြားသည်တဖြည်းဖြာားအောက်သို့ ကျသွားပါလိမ့်မယ်။
နှစ်လဝန်းကျင်ခန့်တွင် အသီးနှင့်သကြားကို သမ အောင် မွှေပေးပါ။ ထို့နောက်ပြန်ပြီး လေလုံအောင် ဖုံးထားပေးပါ။ စိမ်ပြီး အချိန်မှ ခြောက်လခန့်အကြာ တွင် အိမ်တွင်းဖြစ် မက်မန်းသီးဝိုင်အဖြစ်သို့ ရောက်ရှိ သွားပါလိမ့်မည်။ ဤနည်းသည် ပြင်ဦးလွင်မြို့၏ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့သော အိမ်တွင်း ဝိုင် ပြုလုပ်နည်းဖြစ်ပါသည်။ ရေလုံးဝရော စရာ မလို၊ ဓါတုဗေဒဆေးဝါးများ လုံးဝမလိုအပ်သည့် ဝိုင်ချိုချို ပြုလုပ်နည်း ဖြစ်ပါသည်။
Monday, August 12, 2013
ဓါတ်တော်ချိုင့်ရေတံခွန်(အနီးစခမ်းရေတံခွန်)
ဓါတ်တော်ချိုင့်ရေတံခွန်(အနီးစခမ်းရေတံခွန်)