welcome

ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏

Thursday, August 15, 2013

စတော်ဘယ်ရီ

စတော်ဘယ်ရီ Print Email
Written by မိုးမခ   
ပြင်ဦးလွင်သို့ အလည်တစ်ခေါက် ရောက်ခဲ့ဖူးမယ်ဆိုရင်တော့ `စတော်ဘယ်ရီ´ ဆိုတဲ့ဝေါဟာရကိုထိတွေ့ခဲ့မယ်ယူဆမိပါတယ်။  အလည်မရောက်ဖြစ်ခဲ့လည်း  ဒီအသီးကိုစားဖူးသူတွေ အများကြွီွးရှိလိမ့်မယ်လို့ ထင်ပါတယ်။  `စတော်ဘယ်ရီနဲ့ချယ်ရီ´ဟာခွဲခြားလို့မရတဲ့ ပြင်ဦးလွင်ရဲ့ ဆောင်းမင်းသား   LOGO ကလေးတွေပါဘဲ။  ချယ်ရီကတော့ ပင်မြင့်ထက်မှာ ပွင့်လန်းနေတဲ့ ပြင်ဦးလွင်ရဲ့ပန်းတော်ဝင် ကလေးပါဘဲ။ စတော်ဘယ်ရီ ကတော့ မြေမှာကပ်ပေါက်တဲ့  မြေလျှောက်တွားသွားပင်ကလေးသာ ဖြစ်ပါတယ်။




ဒီမှာရှိတဲ့ စတော်ဘယ်ရီ မျိုးတွေကတော့- ဒေသမျိုး၊ ထိုင်ဝမ်မျိုး၊ ဂျပန်မျိုး၊ ကိုရီးယားမျိုး နဲ့စင်ကာပူမျိုး တွေပဲ ဖြစ်ပါတယ်။

ဒေသမျိုး။ ။ အလုံးသီး နှင့် အချွန်သီး ဟူ၍ နှစ်မျိုးရှိသည်။ အချဉ်ဓာတ် ပိုသည်။ အရောင်လှပ အရည်ရွှမ်းသည်။ ဖျော်ရည်၊ ယိုနှင့် ဝိုင် ပြုလုပ်ရန် အတွက် အကောင်းဆုံးအသီး ဖြစ်သည်။

ထိုင်ဝမ်မျိုး။ ။ ဒေသမျိုးကဲ့သို့ အလုံးသီးနှင့် အချွန်သီး ဟူ၍နှစ်မျိုး ရှိသည့်အနက်၊အလုံးသီးမှာ မာဆတ်ပြီး အချွန်သီးကတော့နူးညံ့ပါသည်။

ဂျပန်မျိုး။ ။လုံးဝန်းသော အသီးမှာ အချွန် ပါရှိသည်။

ကိုရီးယားမျိုး။ ။ အလုံးကြီးပြီး အခြားမျိုးများထက်စော၍အသီးရရှိသည်။  ဒီဇင်ဘာလတွင် အသီးရရှိသောကြောင့် ဒီဇင်ဘာသီးဟုလည်းခေါ်သည်။

စင်ကာပူမျိုး။ ။ကြက်၏အမောက်ကဲ့သို့ထူးခြားသောပုံစံရှိသည်။

နိုင်ငံခြား မျိုးများသည် အရောင်မလှသော်လည်းဒေသသီးထက် အချိုဓာတ် ပိုမိုပါရှိသည်။  ဒေသမျိုးကဲ့သို့အတက်များစွာမပွားသောကြောင့် အမေပင်ကိုခွဲပြီးစိုက်ရသည်။ ဆောင်းရာသီတွင် အသီးထွက်နှုန်းကောင်းပြီး မိုးဦးကျလျှင်အသီးမသီးတော့ပါ။

ပြင်ဦးလွင်ကိုအလည်ရောက်လို့ စတော်ဘယ်ရီသီး လတ်လတ်ဆတ်ဆတ်ကို မိမိလက်နဲ့စိုက်ခင်းပေါ်မှခူးယူပြီး ဖျော်ရည်လုပ်သောက်ချင်ပါသလား? ရေတံခွန်နဲ့ ပိတ်ချင်းမြှောင် သွားရာလမ်းဘေးမှာရှိတဲ့ ဒီဇင်ဘာစားဥယျာဉ်နဲ့ ကန်တော်ကလေးနားမှာရှိတဲ့ ထီးလှိုင်စားသောက်ဆိုင် တို့မှာ ဒီဝန်ဆောင်မှုကိုပေးနေတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
 

No comments:

Post a Comment