welcome

ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏

Monday, August 19, 2013

မြန်မာရိုးရာ Organic Skin Care Cream





မြန်မာရိုးရာ Organic Skin Care Cream Print Email
Written by မိုးမခ   
ယနေ့ ကမ္ဘာ၏ အလှကုန် ဈေးကွက်ပေါ်တွင် အရေပြားအလှ ထိန်းသိမ်းပြုပြင်သော အလှကုန်များမှာ တွင်ကျယ်သော အရောင်းကုန်ပစ္စည်းများ ဖြစ်ကြသည်။  အားလုံးသော Skin Care Lotion များမှာ Chemical ဖြင့် စီမံပြုလုပ်ထားခြင်းဖြစ်သည်။  Chemical ၏ Side Effect များကို သိပ0x081ပံပညာရှင်များက တဖြည်းဖြည်း တွေ့ရှိလာသဖြင့် Chemical Free(Organic) ထုတ်ကုန်များကို လူသားတွေက လိုလားနေကြသည်။
 ကျွန်တော် ဖော်ပြမည့် အကြောင်းအရာကတော့ `သိသူဖော်စား၊ မသိသူကျော်သွား´ လို့ဆိုရမည့် နည်းပညာကလေးတခုပါ။  လိုအပ်တဲ့ ကုန်ကြမ်းတွေကတော့ -





(၁) သနပ်ခါး  (အတုံး၊ အမြစ်)

(၂) သံပရာသီး  (မည့်သည့်မျိုးမဆို)

(၃) ပျားရည်  (မွေးမြူရေး၊ သဘာဝ) တို့ပဲဖြစ်ပါတယ်။

အားလုံးသော ကုန်ကြမ်းတွေက မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဖြစ်လို့ Myanmar Traditional Skin Care Cream လို့နာမည်ပေးပါရစေ။

ကဲ Skin Care ကိုဘယ်လိုပြုလုပ်ကြမလဲ?

Stage I - သန့်ရှင်းသော ကျောက်ပြင်ပေါ်သို့ သံပရာရည်ကို ညှစ်ချလိုက်ပါ။

Stage II - 0x158င်းသံပရာရည်နှင့် သနပ်ခါးတုံးကို သွေးလိုက်ပါ။  လိုအပ်သော သနပ်ခါးအရည် ရသည်အထိ သံပရာရည်ကို ညှစ်လိုက် သနပ်ခါးတုံးကို သွေးလိုက်ပြုလုပ်ပါ။  သနပ်ခါးရည် အပျစ်အကျဲမှာ မိမိ၏ စိတ်ကြိုက်သာဖြစ်သည်။

Stage III - လိုအပ်သော သနပ်ခါးရည်ရလျှင် (1/2 or 1/4 teaspoon amount) ရှိသော ပျားရည်ဖြင့် ရောသမမွှေလိုက်ပါ။

ဒီအဆင့် သုံးဆင့်ပြီးလျှင်တော့ မြန်မာ့ရိုးရာ Skin Care ကို သင်အောင်မြင်စွာ ပြုလုပ်နိုင်ပါပြီ။

(15) ရက်မှ ရက်(30) အထိ ညအိပ်ရာဝင်တိုင်း လိမ်းကြည့်လိုက်ပါ။  မနက်ခင်းမိုးလင်းလို့ မျက်နှာသစ်လိုက်တာနှင့် ပါးပြင်ရဲ့ ချောမွေ့နေတဲ့ အထိအတွေ့ကို သင်ခံစားရမှာပါ။

(စကားချပ်။   ။မိုးမခပြောသလို မခံစားရဘူးဟု သင်ထင်လျှင် ကျွန်ုပ်တို့ ကိုယ်တိုင် သင်၏ ပါးပြင်ကို စမ်းသပ်ကြည့်ပေးပါမည်။  စမ်းသပ်ခမယူပါ။

ပုံ/Editor အဖွဲ့ )

မျက်နှာကို ပေါင်းတင်ချင်ရင်ဘဲ ဖြစ်ဖြစ်၊ ဝက်ခြံပေါက်ပြီး အမည်းစက်ထင်ကျန်နေလို့ဘဲ ဖြစ်ဖြစ်၊ အခြားသော အနာကြောင့် အရေပြားမှာ ကျန်ရစ်ခဲ့တဲ့ အမည်းစက်ကလေးတွေကို Myanmar Traditional Skin Care ကကုသပေးနိုင်တယ်လို့ အလှကြိုက်တဲ့၊ အလန်းကြိုက်တဲ့ ပျိုပျိုအိုအို အားလုံးကို တိုးတိုးလေးပဲ ပြောပြလိုက်မယ်နော်။  This is ORGANIC!

 

No comments:

Post a Comment