welcome

ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏

Sunday, August 11, 2013

ပိတ်ချင်းမြှောင် မဟာနန္ဒမူ လှိုင်ဂူတော်





ပြင်ဦးလွင်မြို့မှလားရှိုးမြို့သို့အထွက်(၁၂)မိုင်ခန့်အကွာ ဝက်ဝံကျေးရွာ၏

တောင်ဘက်(၂)မိုင်ခန့် အကွာတွင် တည်ရှိသည်။

 


လိုဏ်ဂူတော်မှာ ရှေးနှစ်ပေါင်းထောင်ချီကတည်းကရှိခဲ့ပြီး လိုဏ်ဂူတော်အဝင်အထွက်တွင် ပိတ်ချင်းပင်များနေပျောက်မတိုးအောင် ပေါက်ရောက်ခဲ့သဖြင့် ပိတ်ချင်းမြောင်ဂူဟုခေါ်တွင်သည်။  လိုဏ်ဂူတော်၏အဝင်ဝမှ အဆုံးထိ(၁၆၀၈)ပေခန့်ရှည်လျားသည်။  ဂူ၏အကျယ်မှာပေ(၄ဝ)ခန့်ရှိပြီး အခိျု့နေရာများတွင် ပေ(၁၂ဝ)ခန့်အထိကျယ်ဝန်းသည်။ ဂူအတွင်းသဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်ခက်ပန်းဆွဲများ၊ တနှစ်ပါတ်လုံး တသွင်သွင်စီးဆင်းနေသော စိမ့်စမ်းရေများ၊ အများပြည်သူ လှူဒါန်းပူဇော်ထား သောစေတီနှင့်ရုပ်ပွားတော်များ ဖြင့်အဆန်းတကျယ် ရှုမောဘွယ်ရာ ကောင်းလှပါသည်။  စိမ့်စမ်းရေသည် နွေအခါအလွန်အေးမြပြီး ဆောင်းတွင်းတွင်နွေးထွေးကာ မိုးတွင်းမိုးသည်းထန်စွာ ရွာသွန်းသော်လည်း ဂူအတွင်းရေပမာဏ မြင့်တက်လာမှု မရှိယုံမျှမက ရေများနောက်ကျိခြင်းမရှိဘဲ တနှစ်ပါတ်လုံးကြည်လင်စွာ စီးဆင်းနေပါသည်။


ပိတ်ချင်းမြောင်အနီးတွင် ပိတ်ချင်းမြောင်အပါအဝင် မြောင်သုံးမြောင်၊ တောင်သုံးတောင်၊ ရေတံခွန်သုံးခု၊ ချောင်းသုံးချောင်း၊ တွင်းသုံးတွင်း၊ နှစ်ထပ်ဂူအပါအဝင်ဂူသုံးဂူ၊ ချောက်သုံးချောက် တည်ရှိနေသည်မှာ ထူးခြားလှသည်။· လိုဏ်ဂူတော်၏အောက်ဖက်တွင် ဝက်ဝံရေတံခွန်ရှိသည်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ရာသီမရွေးဝင်ရောက်လည်ပါတ်နိုင်ပါသည်။

No comments:

Post a Comment