welcome

ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏

Thursday, August 15, 2013

ဝိုင်ချိုချိုတခွက်



ဝိုင်ချိုချိုတခွက် Print Email
Written by မိုးမခ   
  ဆောင်းရာသီ နှင်းမှုန်ကြားက ချယ်ရီမြေပြင်ဦးလွင်ကို အလည်လာခဲ့မယ်ဆိုရင်တော့ အအေးဒဏ်ကို အံတုဖို့နွေးထွေးမှုတခုတော့ လိုအပ်မှာပါ။ နောက်ဆုံးပေါ်အနွေးထည်နဲ့ heater တွေထက် ''ဝိုင်ချိုချိုတခွက်'' ကတော့ပြင်ဦးလွင်ရဲ့ အနွေးထွေးဆုံး ကြိုဆိုမှုပါပဲ။

ဝိုင်? သူ့ရဲ့ဝေါဟာရကို အလွယ်တကူပြောရမယ်ဆိုရင်တော့ အချဉ်ပေါက်ပြိးသောပျော်ရည် (fermented juice) လို့ဆိုရမှာပါ။

 အသီးမှပါသော အက်ဆစ်၊ သဘာဝတဆေးနှင့်သကြားတို့ ပေါင်းစပ်ထားတဲ့ ပျော်ရည်တခုပါ။ တခိျု့ကမသိလို့မေးကြတယ်။ ဝိုင်ထဲမှာ အရက်ပါသလားတဲ့။

ဟုတ်ကဲ့၊ ပါတယ်လို့ပြောရမှာပါ။ အကြောင်းကတော့ အသီးမှာပါတဲ့ သဘာဝတဆေးဟာ သကြားနဲ့ဓာတ်ပြုပြီး သကြားကို  Carbon Dioxide နဲ့ alcohol အဖြစ် အသွင်ပြောင်းလိုက်လို့ပါပဲ။ ဒီဖြစ်စဉ်ကို အချဉ်ပေါက်ခြင်း (fermentation) လို့ခေါ်ပါတယ်။




Sugar + Yeast ===> Alcohol + Carbon Dioxide

အချဉ်ပေါက်ခြင်းရဲ့ ဓာတ်ကူပစ0x081စည်းကတော့ အသီးမှာပါရှိနေတဲ့ အက်ဆစ်ပဲဖြစ်တယ်။ ဒီဖြစ်စဉ်မှာ သဘာဝတဆေးဟာ သူတတ်နိုင်သလောက် သကြားကို ဖြိုခွဲပစ်လို့ alcohol အနည်းငယ်သာ ထွက်ရှိပြီး လက်ကျန်သကြားက အရည်ထဲမှာပိုများနေလို့ ချိုမြနေတဲ့ ဝိုင်ရဲ့ အရသာကို ခံစားရမှာပါ။ (2 to3) alcohol percentage လောက်တော့ပါမှာပါ။ Percentage အရမ်းကိုနည်းပါတယ်။ အရက်ကတော့ ပေါင်းခံရည်ဖြစ်ပြီး ဝိုင်ကတော့ ပေါင်းမခံရသေးတဲ့ အချဉ်ပေါက်ပြီး အရက်ပါသည့် အရည်ဆိုလျှင် သဘောပေါက်မယ်လို့ယူဆပါတယ်။ ဒါကတော့ ဝိုင်ချိုချို (သို့) pure wine ရဲ့ အခြေခံပုံစံပါ။

အပြင်းကြိုက်သူတွေအတွက်လဲ နောက်ထပ်ဝိုင်အမျိုးအစား တခုရှိတယ်။ Dry Wine လို့ခေါ်တဲ့ ခပ်ပြင်းပြင်း ဝိုင်ပဲပေါ့။ ဒီဝိုင်ကတော့ အသီးရဲ့သဘာဝတဆေးတင်မကပဲ လူတွေပြုလုပ်ထားတဲ့တဆေး (wine yeast) ကိုအသုံးပြုပြီး အချဉ်ဖောက်တယ်။ Wine yeast တွေဟာ သကြားကို ကောင်းမွန်စွာ ဖြိုခွဲနိုင်လို့ Dry Wine ထဲမှာ alcohol percentage (12 to 13) လောက်တော့ရှိတယ်။ Dry Wine တွင် sugar ကိုအကုန်ဖြိုခွဲသည့်အတွက်ကြောင့်  Sugar လက်ကျန်လုံးဝမရှိတော့ပါ။  ထိုသို့ Sugar ကိုအကုန်ဖြိုခွဲနိုင်သည့်အတွက်ကြောင့် Dry Wine လို့ခေါ်တွင်ခြင်းဖြစ်ပါတယ်။

ဝိုင်နီသည် လူသားတွေရဲ့နှလုံးကို အားပေးစေတယ်လို့ ဆေးပညာရှင်များက တွေ့ရှိထားပါတယ်။ အသားခြောက်ပြုလုပ်ရာမှာလည်း အသုံးပျြုနိုင်တယ်။ ဘယ်လိုဝိုင်မျိုးပင်ဖြစ်ပါစေ သကြားပါရှိနေလို့ ဆီးချိုရောဂါဝေဒနာရှင်များ သတိထားသောက်သုံးသင့်ပါသည်။

ဝိုင်တခွက်ဟာ ဘယ်လောက်အတိုင်းအတာအထိ နွေးထွေးမှူပေးနိုင်မလဲဆိုတာကို အလည်တခေါက် ပြင်ဦးလွင်ရောက်မှ လက်တွေ့ကျကျစမ်းသပ်ကြည့်လိုက်ပါ။ နွေးပြီးရင်းနွေး၊ ထွေးပြီးရင်းထွေး၊ နွေးနွေးထွေးထွေး။

No comments:

Post a Comment