welcome

ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏

Thursday, August 15, 2013

ရေတကောင်းပင်(pitcher plant)


ရေတကောင်းပင်(pitcher plant) 



ရေတကောင်းပင်(pitcher plant) Print Email
Written by မိုးမခ   

အသားစားတဲ့အပင်ရှိတယ်ဆိုရင်သင်ယုံပါ့မလား?
ရေတကောင်းပင်ဆိုတာ အသားစားတဲ့အပင်(carnivorus plant)ပါပဲ။ သူ့ရဲ့ FAMILY ကတော့(NEPENTHACEAE)ဖြစ်ပြီး မျိုးစိတ်(species)ကတော့(120)လောက်ရှိတယ်။ အခုပြောပြချင်တာကတော့ species တခုဖြစ်တဲ့ NEPENTHACEAE DISTILLATORIA  အကြောင်းပေါ့။
  ဒီမျိုးစိတ်တွေ ကြီးပြင်းရာဒေသတွေကတော့ အရှေ့တောင်အာရှ၊ အရှေ့မြောက် ဩစတြေးလျနဲ့ အိန0x081ဒိယမြောက်ပိုင်းအထိ ကျယ်ပြန့်တယ်။
 Species တွေကိုခွဲခြားမယ်ဆိုရင် lowland နဲ့ highland ဆိုပြီး နှစ်ခုရှိတယ်။ Lowland ကတော့နေ့ဘက်အပူချိန် (30-35)နဲ့ Highland ကတော့(28)ဒီဂရီစင်တီဂရိတ်လောက်မှာ ရှင်သန်တယ်။ အရွက်ရဲ့ထိပ်ဖျားမှာရှိတဲ့ ဆင်နှာမောင်းများမှတဆင့် ရေတကောင်းပုံစံ အသားစားမဲ့ ဘီလူးလေးတွေ ဖြစ်လာကြတယ်။ အဲဒီရေတကောင်းထဲက ပျားရည်ဂလင်း(honey gland) တွေက အင်းဆက်ပိုးများကို အတွင်းသို့ဝင်ရောက်လာအောင် ညှို့ငင်ခေါ်ယူပြီး အရည်ပျော်အောင် ပြုလုပ်ကာ အဟာရအဖြစ် သုံးဆောင်ကြတယ်။ နံရံတွေဟာ အင်းဆက်ပိုးတွေပြန်ထွက်လို့မရအောင် ချောမွတ် နေလို့ ရေတကောင်း(သို့) PITFALL TRAP တွေဟာ တမျိုးတမည်ထူးဆန်းနေတဲ့ insect killer ဆိုရင်မမှားနိုင်ပါဘူး။  ထိုရေတကောင်းပင်ကို ပြင်ဦးလွင်တွင် တွေ့ရှိနိုင်ပါတယ်။
 

1 comment:

  1. မန်ြမာနိုင်ငံမှာ မပေါက်ဘူးလား

    ReplyDelete