welcome

ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏

Wednesday, August 21, 2013

Organic Juice


Organic Juice (အော်ဂဲနစ် ဖျော်ရည်) Print Email
Written by မိုးမခ   
Chemical(Inorganic) ကြောင့် လူ့လောကပတ်ဝန်းကျင် သဘာဝရဲ့ အရင်းအမြစ်တွေဟာ ဆိပ်သုဉ်းပျောက်ကွယ်မဲ့ အနေအထားကို ဦးတည်နေပါပြီ။ ကဲ၊ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ။ ဘာမှ စဉ်းစားမနေနဲ့။ Answer is Organic. Believe it or not.
  ဆရာဝန်တယောက် တော်တော်လေးခေါင်းစားသွားတယ်။ လူနာတယောက် ဆေးလာကုတယ်။ အရက်လဲ မသောက်၊ ကွမ်းယာလည်းမစား၊ ဆေးလိပ်ဆို ဝေလာဝေး၊ သူဖြစ်နေတာက အသည်းရောဂါ၊
ချက်ချင်း စဉ်းစားမရလို့ နောက်တရက် ပြန်ချိန်းလိုက်တယ်။ နောက်နေ့ကျမှ ခင်ဗျားအလုပ်အကိုင်က ဘာလဲလို့ မေးခွန်းထုတ်လိုက်တယ်။ အဖြေတွေ့ပါပြီဗျာ။ စိုက်ပျိုးရေးတဲ့။ ရှင်းသွားပြီ။


ပိုးသတ်ဆေး၊ မှိုသတ်ဆေး စသည့် Chemicals တွေကို safe ဖြစ်စေမယ့် လက်အိတ်၊ နှာခေါင်းစည်း(mask) တို့မပါပဲ ကိုင်တွယ်အသုံးပြုခဲ့တာကြောင့် အရေပြားနဲ့ အသက်ရှုလမ်းကြောင်းကတဆင့် သူ့ရဲ့ အသည်းကို ဒုက္ခပေးခဲ့တာ။ လူသားတယောက် လူ့လောကက ထွက်ခွာသွားခဲ့ပြီ။ ဒါဖြစ်ရပ်မှန်၊ အတိတ်ကဇာတ်လမ်း။

ကမ္ဘမှာ နာမည်အကြီးဆုံးဖျော်ရည် Coca Cola, Pepsi! အခုတော့တွေ့ပြီ သူတို့မှာပါတဲ့ cramel ဆိုးဆေးက ကင်ဆာ(Cancer) ဖြစ်နိုင်ခြေရှိသည်တဲ့။ အလုပ်တွေလုပ်လို့ ပင်လည်းပင်ပန်းတယ်။ ဖျော်ရည်လေးသောက်ပြီးလည်း လန်းချင်တယ်။ သတင်းတွေကြားထားလို့ Chemical ပါတဲ့ ဖျော်ရည်ကိုလည်းကြောက်တယ်။ ဘယ်လိုလုပ်ကြမလဲ။ ဘယ်လိုမှ မလုပ်ကြနဲ့။ ကျွန်တော် ပြောပြမယ်။ Organic Juice.

ရိုးရိုးကလေးပါပဲ။ ဒီဖျော်ရည်အတွက် လိုအပ်တဲ့ ကုန်ကြမ်းကတော့ - ၁။ သံပရာသီး (မည်သည့်မျိုးမဆို) ၂။ ပျားရည် (မွေးမြူရေး၊ သဘာဝ)

ပြုလုပ်နည်း။ ။ 1 teaspoon သံပရာရည် နှင့် 1 teaspoon ပျားရည်ကို 1/6 Litre ရှိသော ရေထဲကိုထည့်ပြီး မွှေပေးလိုက်ပါ။ (အချိုနှင့် အချဉ်ဓါတ်ကို သင်ကြိုက်နှစ်သက်သည့် အတိုင်း Balance လုပ်နိုင်သည်။) ဒီအဆင့်တွေပြီးသွားရင်တော့ Organic Juice ကိုသင်လွယ်လွယ်ကလေးနဲ့ ပြုလုပ်နိုင်မယ်လို့ ယုံကြည်ရင်း လူ့ဘဝရဲ့အမောတွေကို Organic Juice သောက်ပြီး ဖြေဖျောက်နိုင်ပါစေလို့ ဆုမွန်ကောင်းပေးလိုက်ပါတယ်။ ဒါရိုက်တာရွှေဒုံးဘီအောင်ရဲ့ ဗိုလ်အောင်ဒင် ပြန်လာခဲ့သလို မကြာခင်မှာ Organic လဲပြန်လာမှာပါ။

No comments:

Post a Comment