welcome

ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏

Sunday, August 11, 2013

ခရီးသွားလမ်းညွှန်နဲ့ပြင်ဦးလွင်

ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏




ခရီးသွားလမ်းညွှန်နဲ့ ပြင်ဦးလွင်

ပြင်ဦးလွင်မြို့(မေမြို့)ဟာမြန်မာနိုင်ငံရဲ့ ထင်ရှားလှတဲ့ တောင်ပေါ်အပန်းဖြေစခန်းတခုဖြစ်ပြီးပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်အများအပြား လာရောက်အပန်းဖြေ
လည်ပါတ်ကြတဲ့ မြို့ဖြစ်တာကြောင့် ခရီးသွားဧည့်သည်များ လည်ပါတ်၊တည်းခို၊စားသောက်သွားလာရေး အဆင်ပြေလွယ်ကူ နိုင်စေအတွက် ပြင်ဦးလွင်မြို့နဲ့ပါတ်
သက်တဲ့အချက်အလက် အခိျု့ကိုရေးသားလမ်းညွန်လိုက်ပါတယ်။



ပင်လယ်ရေပြင် အထက်အမြင့်ပေ(၃၅၀၀) ကျော်မှာတည်ရှိ ပြီးဧမြလှတဲ့ တောင်ပေါ်မြို့လေးဖြစ်တာကြောင့် အထူးသဖြင့် နွေရာသီမှာအပန်းဖြေ လည်ပါတ်ကြသူများ၊

စိုးစံ၊ စာပန်းအိမ်နှင့်အခြားဘော်ဒါဆောင် ကျောင်းများမှ ကျောင်းသားကျောင်းသူများ နှင့်ဆွေမျိုးမိဘဧည့်သည်များ၊ စစ်တက္ကသိုလ်နှင့် နည်းပညာ စစ်တက္ကသိုလ်မှဗိုလ်
လောင်းများနှင့်ဆွေမျိုးမိဘဧည့်သည်များ၊ရတနာပုံနည်းပညာ စစ်တက္ကသိုလ်နှင့် MCC ကျောင်းများမှကျောင်းသားကျောင်းသူ များ၊ဇီးပင်ကြီးဗဟိုဝန်ထမ်းတ္ကသိုလ်၊ရဲဗဟို
လေ့ကျင့်ရေးကျောင်းနှင့်ဗဟိုမီးသတ်သင်တန်းကျောင်းများမှသင်တန်းသားများ၊တောင်ပြုန်းနှင့်ရတနာ့ဂူပွဲများသို့နွဲပျော်ရင်းမြန်မာပြည်အရပ်ရပ်မှ လာရောက်လည်ပါတ်
ကြသူများ၊တန်ဆောင်တိုင်မီးပုံးပျံပွဲနှင့်ဒီဇင်ဘာပန်းပွဲတော်များသို့လာရောက်လည်ပါတ်ကြသူများ နဲ့တစ်နှစ်ပါတ်လုံး စည်ကားနေတဲ့ခရီးသွားမြို့လေးဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့ကိုအဓိကအားဖြင့် လမ်းနှစ်ကြောင်း ကလာရောက်နိုင်တယ်။ ရှမ်းပြည်မြောက်ပိုင်း ကဆိုရင် မူဆယ် လားရှိုးမန္တလေးလမ်းအတိုင်း အခြားမြန်မာပြည် အရပ်
ရပ် ကဆိုရင်မန္တလေးမြို့ကတဆင့် ကားလမ်း၊ ရထားလမ်း များနဲ့လာနိုင်ပါတယ်။မန္တလေး----------------ကားဝင်းမှ မန္တလေးပင်ဦးလွင်ဟိုင်းလတ်လိုင်းကား(တစ်ဦးလျှင်
၁၅၀၀ ကျပ်နှုန်း)၊ဗင်ကား(ကြိုပို့တစ်ဦးလျှင်၅၀၀၀ ကျပ်နှုန်း)ဖြင့်လာရောက်ရပါမယ်။ရန်ကုန် ၊နေပြည်တော်မြို့များမှ တိုက်ရိုက်ကားများရှိ ပြီး (တစ်ဦး လျှင် ၁၀၀၀၀ ကျပ်
နှုန်း) ပါတ်ဝန်းကျင်ဖြင့်ရောက်ရှိနိုင်ပါတယ်။(ဈေးနှုန်းများ အကြောင်းကြောင်းကြောင့်ပြောင်းလဲနိုင်ပါသည်။)
________________________________________
ပြင်ဦးလွင်မြို့ကိုရောက်ပြီ ဆိုရင်
ဘယ်နေရာတွေကို လည်ပါတ်ကြမလဲ              လည်စရာနေရာတွေနဲ့ပြင်ဦးလွင်
ဘယ်နေရာတွေမှာ တည်းခိုကြ မလဲ               တည်းခိုစရာနေရာတွေနဲ့ပြင်ဦးလွင်
ဘယ်ဆိုင်တွေမှာ စားသောက်ကြ မလဲ            စားသောက်စရာနေရာတွေနဲ့ ပြင်ဦးလွင်
ဘယ်လိုယာဉ်တွေနဲ့လည်ပါတ်ကြမလဲ             သွားလာစရာယာဉ်တွေနဲ့ပြင်ဦးလွင်

No comments:

Post a Comment