welcome

ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏ ပြင်ဦးလွင်ကခင်မင်လှစွာကြိုဆိုပါ၏

Monday, August 19, 2013

မက်မွန်သီး

မက်မွန်သီး     Print        Email   
Written by မိုးမခ

ပြင်ဦးလွင်မြို့ ဒေသထွက်ကုန်များထဲမှ မက်မန်းသီးတော့ အားလုံးရင်းနှီးကြမှာပါ။ မက်မန်းသီးနဲ့ Family တူတဲ့ ညီအစ်ကိုဝမ်းကွဲ မက်မွန်သီးကိုတော့ မြင်ဖူးကြားဖူးသူ ရှိတော့ရှိတယ် ရှားလိမ့်မယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ ဈေးကွက်ထဲမှာ ခပ်ပါးပါးသာ မြင်တွေ့ရလို့ပါ။

 သိပ်မကြာခင်နှစ်ပိုင်းတွေလောက်ကမှ တံဆိပ်မျိုးစုံ၊ Packing အလှအပတွေနဲ့ ဈေးကွက်ထဲကို အလုံးအရင်း ထိုးဖောက်ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းလေးတခုပါပဲ။
ရာဇဝင်ထဲကခရီးသွား

လွန်ခဲ့သော နှစ်ပေါင်း(၄၀၀၀) လောက်က တရုတ်ပြည်မှာ စတင်စိုက်ပျိုးခဲ့တယ်လို့ ပညာရှင်များက ခန့်မှန်းတွက်ချက်ထားခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ ပိုးကုန်သည်လမ်းမကြီးမှ တဆင့် ပါရှား(ယခု အီရန်) နိုင်ငံသို့ ရောက်ရှိသွားခဲ့တဲ့ မက်မွန်သီးကလေးကို

 "The First Tourist Fruit Of The World" လို့တင်စားလိုက်ချင်ပါတယ်။ ခရစ်တော်မပေါ်မီ နှစ် ၃၀၀-၄၀၀ လောက်မှ စတင်ကာ ဂရိ၊ အီတလီ၊ အင်္ဂလန်နဲ့ ဥရောပနိုင်ငံတွေအားလုံးဆီက ပြည်ဝင်ခွင့် ရခဲ့တဲ့ Tourist ကတော့ မက်မွန်သီးကလေးပါပဲ။
၁၆-၁၇ ရာစုနှစ်များမှာတော့ နယ်မြေသစ်ရှာဖွေသူ ပေါ်တူဂီတွေက သင်္ဘောပေါ်တင်ဆောင်သွားပြီး တောင်အမေရိကနှင့် မြောက်အမေရိကမြောက်ဘက်ပိုင်း Florida ကမ်းရိုးတန်းကို ပို့ဆောင်ပေးလိုက်တယ်။ မြန်မာနိုင်ငံကို ဘယ်တုန်းကရောက်လာသလဲဆိုတဲ့ မှတ်တမ်းမှတ်ရာ မရှိပါဘူး။



Botanical Term - Prunus Persica

Family - Prunoidead Subfamily of the Rosaceae

Chinese Term - Tao

Local Term - မက်မွန်
မက်မွန်၏ အပြင်ပန်းသွင်ပြင် လက္ခဏာ

၁။ လျှင်မြန်စွာ ကြီးထားလွယ်သည်။ အနိမ့်ဆုံး ၆ ပေမှ အမြင့်ဆုံး ၁၀ ပေကျော်ထိမြင့်မားသည်။ အကိုင်းအလက်မှာ ၁၀ ပေပတ်လည်လောက်အထိဝေဖြာသည်။ ၃ နှစ်အရွယ်တွင် စတင်ကာ အသီးသီးသည်။ သက်တမ်းမှာ ၁၅-၂၀ နှစ်ခန့်ဖြစ်သည်။

၂။ ၁-၁.၅လက်မ အချင်းရှိသော အပွင့်သည် စတင်ပွင့်သည့်အချိန်တွင် ပန်းရောင်ဖျော့ဖျော့အရောင်ရှိသည်။ ထိုမှတဆင့် အနီရင့်ရောင်၊ ခရမ်းရောင်သမ်းသောအရောင် သို့အဆင့်ဆင့်ကူးပြောင်းပြီးမှ သန0x081ဓေအောင်သည်။ ပန်းသီး၊ သစ်တော်သီး၊ ချယ်ရီတို့ထက် စောစီးစွာပင် ဆောင်းရာသီ၌ အပွင့်ပွင့်သည်။ ဝတ်မှုန်ကူးခြင်း Type မှာ Self Pollunation ဖြစ်သည်။

၃။ နွေဦးပေါက်တွင် အသီးကင်းကာ နွေလယ်တွင် အသီးစတင်ဆွတ်ခူးရရှိပြီး မိုးဦးကျတွင် အသီးတုံးသွားပါသည်။ အသီး၏ ပုံသဏ္ဏန်မှာ အလုံးနှင့် အချွန်ဟူ၍ အရွယ်အစားသုံးမျိုးရှိသည်။ အချွန်သီးမှာ အသီးကြီး အမျိုးအစားဖြစ်သည်။ အသီးကို ဆားစိမ်ပြီးလျှင် မက်မန်းသီးကဲ့သို့ အချိုရည်သွင်းကာ Packing မျိုးစုံဖြင့် ကုန်ချောပြုလုပ်ကာ ရောင်းချကြသည်။ အပင်ပေါ်ရှိအသီး၏ မျက်နှာပြင် ပန်းနီရောင်ပြေးသော အချိန်တွင် ဆွတ်ခူးကာ အစိမ်းစား၍လည်း ရပါသည်။ ယိုထိုး၍လည်း ရပါသည်။
အယူအဆနှင့် ဆေးပညာရှုထောင့်

မက်မွန်သီးကို အသက်ရှည်ခြင်း အထိန်းအမှတ်အဖြစ် တရုတ်တို့ ယူဆထားကြသည်။  ရောမတို့ကတော့ အချစ်နတ်သမီး Venus ၏ အသီးအဖြစ် လက်ခံခဲ့ကြသည်။  ရှေးအီဂျစ်လူမျိုးများကတော့ မက်မွန်သီးကို တည်ငြိမ်ခြင်းနတ်ဘုရားကို ပူဇော်ပသရာတွင် အသုံးပြုခဲ့ကြသည်။

မက်မွန်သည် သူ၏မိသားစုမျိုးနွယ်များကဲ့သို့ပင် အရွက်၊ အပွင့်၊ အစေ့နှင့် အခေါက်များတွင် Cyanogenic Glycoside အမျိုးအစား Compound များပါဝင်သည်။  ထို Compound မှတဆင့် Cyanide ဖြစ်ပေါ်စေနိုင်သောကြောင့် ပမာဏများလျှင် သေဆုံးနိုင်သည်အထိ အဆိတ်အတောက် ဖြစ်စေနိုင်သည်။  အစောပိုင်း ခရစ်တော်မပေါ်မီ ခေတ်လောက်မှစပြီး မက်မွန်ပင်ကို ကင်ဆာ(သို့)အဖုအကျိတ်ကုသရာတွင် သုံးခဲ့ကျသည်။  မက်မွန်ပင်အခေါက်ကို ပရဆေးအနေဖြင့် တိုင်းရင်းဆေးများတွင် သုံးလေ့ရှိသည်။  အမျိုးသမီးများ ဓမ္မတာ ရောဂါများ၊ ဆီးနှင့် ပက်သတ်သောရောဂါများနှင့် အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါများတွင်လည်း အခေါက်ကို သုံးစွဲပြီး ကုသလေ့ရှိသည်။
မြန်မာနိုင်ငံ၊ ပြင်ဦးလွင်နှင့် မက်မွန်

မြန်မာနိုင်ငံမှာတော့ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ နောင်ချိုနဲ့ ရွာငံမြို့နယ်တို့ရဲ့ ဒေသတဝိုက် ကျေးရွာများမှ ရှင်သန်နေကြတဲ့၊ လူသိမများသေးတဲ့ နာမည်လေးတခု၊ သမိုင်းမှတ်တမ်းများအရ အလွန်ရှည်လျားတဲ့ ကာလများစွာကို ဖြတ်ကျော်အန်တုခဲ့တဲ့ ဒီမက်မွန်သီးကလေးဟာ ဘယ်ပုံဘယ်နည်းနဲ့ ဆက်လက်ရှင်သန်ရပ်တည်မလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ကြရမှာပါ။

No comments:

Post a Comment